Tuesday, September 27, 2011

၂၆ ရက် စက်တင်ဘာလ ၂၀၁၁

Share |
တခါတခါ စစ်ဖြစ်မယ့်နေ့စစ်ထဲဝင်တယ်။ ပြည်တွင်းစစ်ဖြစ်ဖြစ်၊ ဒေသတွင်းဖြစ်ဖြစ်စစ်ဆိုတာ စစ်ပဲမဟုတ်လား။ ဒီလိုပါပဲ..တခါတခါ ကိုယ်ပြောင်းလိုက်တဲ့တောထဲမှာ ကျားပစ်မုဆိုးတွေပေါနေတယ်။ မုဆိုးဆိုမှတော့ ကျားပဲပစ်ပစ်၊ ခြင်္သေ့ပဲ ပစ်ပစ် ပစ်တာပဲမဟုတ်လား။ ကိုယ်ကလည်း ကျားတို့၊ခြင်္သေ့တို့မဟုတ်လည်း သားကောင်ကတော့သားကောင်ပဲမဟုတ်လား။

တချို့ဆိုသမ္မတသာဖြစ်တယ်။ ဘာမှမဖြစ်ဘူး။ ဥပမာ။ ဒေါက်တာမောင်မောင်
(
19 August 1988 – 18 September 1988)

မနေ့က ရွှေဝါရောင်တော်လှန်ရေးလို့ ဝိဂြိုလ်ပြုထားတဲ့ ဖုန်းကြီးအရေးအခင်းလေးနှစ်ပြည့်နှစ်ပတ်လည်ဆုတောင်းပွဲလုပ်တယ်။ ဦးသိန်းစိန်တော့ဈေးဦးပေါက်တယ်လို့ လဂွန်းကတော့ပြောတယ်။

ကျနော်ကတော့ High Commissioner လေးပတ်လောက်ကိုရေခဲသုံးတုံးလောက်ထည့်ပြီး နီရိုးဘုရင်ကြီးလုပ်မလားလို့ရေခဲသေတ္တာဖွင့်လိုက်တယ်။ရေခဲကန်ထဲမှာရေခဲတွေသီးနေတာထုနဲ့ထည်နဲ့ဖြစ်လို့။
ဒါနဲ့..ကျနော်က အနီးမှာရှိတဲ့ Swiss knife ကိုယူပြီးရေခဲကလော်လိုက်တယ်။ ဒီမှာပဲ ရေခဲကန်အောက်က ကိုယ်မမြင်ရတဲ့ ဓာတ်ငွေ့တွေပေါက်ထွက်လာပါလေရော။

ဒါနဲ့ သူငယ်ချင်းတစ်ယောက်နဲ့ရပ်ကွက်ထဲက ဘီယာဆိုင်အသစ်ကိုချီတက်ပြီးအိမ်အပြန်မှာ လှေခါးပေါ်ကချော်ကျ။ ခြေမကွဲသွား။

အိမ်ပေါ်လည်းရောက်ရော အိပ်ခန်းထဲမဝင်သေးပဲ ပန်ကာဖွင့်လိုက်တယ်။ မီးပလပ်ကိုတွေ့မှ ဖုန်းအားသွင်းဖို့
သတိရသွားတယ်။ ဖုန်းကြိုးလေးယူပြီးမီးအားသွင်းဖို့အလုပ်...... ဂိုးဂိုးဂွက်ဂွက်နဲ့ ပန်ကာရပ်သွားတယ်။ ကြည့်လိုက်တော့ ကိုယ့်ဖုန်းကြိုးလေး ပန်ကာနဲ့ငြိသွားတာ။ ဟူးးးးးးးးးးးးးးးးးးးး




၂၆ ရက်နေ့က ကိစ္စကိုဘာလို့ ၂၇ ရက်နေ့မှတင်လဲဆိုတော့ မနေ့က ဒေါင်းနေလို့ပါခင်ဗျာ။







တခါတခါ ဒီလိုပဲ ငြိသွားတာ။ တခါတခါ ဒီလိုပဲ down သွားတာ။ တခါတခါဒီလိုပဲ လဲကျသွားတတ်တာ။ ကျနော်ရဲ့ ၂၆ ရက်နေ့ .....။ 

Monday, September 19, 2011

ရွာထဲကပြဿနာ

Share |
ရွာမှလူများရေငတ်နေကြသည်။ သို့နှင့်ပြဿနာကိုဖြေရှင်းရန်ရေတွင်းတူးဖို့တိုင်ပင်ကြတော့သည်။ ရေတွင်းတူးလျင် အနည်းဆုံးရေထွက်သည်အထိ ၇ ရက်တစ်ပတ်ကြာမည်။ ပြီးလျင်ရေကြည်မည့်အချိန်ကာလတစ်ခုကိုစိတ်ရှည်စွာနှင့်စောင့်ဆိုင်းရန်ရွာလူကြီးကရွာသားများကိုရှင်းပြလေ
သည်။ ရွာသားများ စိတ်ဆိုးနေကြပြီ။ ထမင်းအသက် (၇) ရက်၊ ရေအသက် တစ်မနက်တဲ့သူကြီး။ ဒီလိုဆိုကျနော်တို့တွေသေကုန်တော့မှာပေါ့။ ကလေးတွေမဆိုထားနှင့်လူကြီးတွေတောင်တောင့်ခံနိုင်ပါ့မလား။

သူကြီးကအားလုံးကိုအော်ပြောလိုက်သည်။

အခုရေတွင်းတူး၊ အခုရေကြည်သောက်လို့မရဘူးကွ။
ထိုအချိန်မှာပဲ ရွာထဲကလူငယ်တစ်ယောက်ကထပြောသည်။

သူကြီး… အဝီစိတွင်းတူးရင် ဒီလောက်မကြာနိုင်ဘူး။ ပြီးတော့ ရေထွက်တာနဲ့တခါတည်းသုံးလို့ရပြီ လို့ကြားဘူးပါတယ်။ သူကြီးစီစဉ်ပေးပါ။

အဝီစိဆိုသည်မှာမကောင်းသောငရဲဘုံတစ်ခုအဖြစ်သူကြီးသိထားသည်။ အဝီစိဂျိုးကပ်မယ့်ကောင်တွေ။

အခုရေတွင်းတူး၊ အခုရေကြည်သောက်လို့မရဘူးကွ။

ဟုတ်ကဲ့ပါသူကြီး၊ ကျနော်ကလည်း အခုရေတွင်းတူးခိုင်းတာမဟုတ်ပါဘူး။ အဝီစိတွင်းတူးခိုင်းတာပါခင်ဗျာ။ အဝီစိတွင်းတူးမယ်ဆိုရင်စက်ကိရိယာတွေနဲ့ကျွမ်းကျင်သူတွေတော့လိုအပ်ပါတယ်။ ဒီလူတွေကိုမြို့မှာတက်ငှားရင်ဖြစ်နိုင်မယ်ထင်ပါတယ်။

မြို့တက်ရမယ့်ခရီးစားရိတ်၊ကြာငြောင်းချိန်၊ ပြီးတော့ အဲ့ဒီအဝီစိတွင်းဆိုတာ ငါတို့တူးမယ့်ရေတွင်းလောက်မသေချာနိုင်ဘူးမဟုတ်လား။ သူ့ရဲ့နောက်ကွယ်မှာဘာဆိုးကျိုးတွေရှိနိုင်မလဲ။ မြို့ကလူတွေကလူပွေ၊လူရှုပ်တွေဆိုတာမင်းတို့ကြားဘူးကြတယ်မဟုတ်လား။ သေချာတာပဲလုပ်ကြရအောင်။ ပြီးတော့ မင်းတို့စဉ်းစားရမှာက ငါတို့ရွာဟာခောတ်အဆက်ဆက် ကိုယ်ထူကိုယ်ထစနစ်နဲ့နေလာခဲ့တဲ့ရွာပဲ။ ဘယ်သူ့အားကိုး ကိုမှငါတို့မယူဖူးဘူး။ ရွာကို အပြင်သူစိမ်းတွေလာလေ့လာထလည်းမရှိဘူး။ မြို့ကထွန်စက်မောင်းသမားတွေလာတုန်းကလဲငါတို့ငြင်းခဲ့တယ်မဟုတ်လား။ ငါတို့ကျီတွေထဲမှာ ဝမ်းစာနဲ့မျိုးစပါးအပြင်ပိုလျှံနေတာပဲမဟုတ်လား။ဒီတော့ဒီကိစ္စကျမှထူးပြီးသွားပြောနေရင်မြို့ကလူတွေငါတို့ကိုလှောင်ပြောင်နိုင်တယ်၊ပြီးတော့ငါတို့ရွာရဲ့သိက္ခာကျမယ်မဟုတ်လား။ဒီတော့..ငါစီစဉ်တဲ့အတိုင်းနာခံပြီးမင်းတို့တွေအခုပဲရေတွင်းတူးကြဟေ့။

ပြဿနာကတော့ဒီလောက်ပါပဲ။ ဒီလောက်လေးပဲဖြစ်ပါတယ်ခင်ဗျာ။ သို့သော်ရေတွင်းကိုတူးကြရမည်။ ရေကြည်ကိုလည်းစောင့်ကြရမည်။ ရွာသားများကလည်းရွာရဲ့ဂုဏ်သိက္ခာကိုကြည့်ကြရမည်မဟုတ်လား။ အုပ်ချုပ်သူသူကြီးကိုအစဉ်အလာအရနာခံကြရမည်မဟုတ်ပါလား။အစဉ်အလာအရရေတွင်းမှာတူးကိုတူးရမည့်
ကိစ္စလည်းဖြစ်နေသည်မဟုတ်ပါလား။

(အရင် ဖေ့စ်ဘုတ် မှာရေးဖြစ်တာလေးကိုဒီဘလော့ပေါ်ပြန်တင်ထားခြင်းဖြစ်ပါကြောာင်း။)
 

ကိုယ်တို့တိုင်းပြည်မှာ ဘလော့တွေပြန်ပွင့်ပြီ

Share|

မနေ့ကမှ ဧရာဝတီက link တစ်ခုကိုယောင်ယမ်းပြီး click မိလိုက်တယ်။ ပြီးတော့ သတင်းကိုဖတ်နေရင်း... နေပါဦး.. ဒီဟာကြီးက ban ထားတာမဟုတ်လား။
ဒါနဲ့ ...ကိုယ်စွန့်ပစ်ထားတဲ့ဘလော့တွေကို ကောက်ကိုင်ကြည့်တော့.... မှ... ဟေ့.. ဘလော့တွေပြန်ပွင့်နေပြီ။ ဒီဟာနဲ့ပတ်သက်ပြီး
ဘလော့စပေါ့ဒေါ့ကွန်းကိုအမြန်လွှတ်ပေးဆိုပြီးတော့ ၂၀၀၉ အောက်တိုဘာ ၁ ရက်နေ့ပို့စ်မှာရေးဘူးတယ်။ ကိုယ်တောင်းလို့ရတာမဟုတ်ပေမယ့် ကိုယ်အော်ဘူးတာကိုသတိရသွားတာပါ။

ဘလော့မရှိတော့ facebook မှာ notes ရေးပါတယ်။ခုနောက်တော့ စိတ်ဝင်စားဖို့ကိစ္စတွေကများလာတယ်။ ဖတ်စရာစာအုပ်တွေပုံလာတယ်။ ဓာတ်ပုံရိုက်တာကို ဝါသနာပါလာတယ်။ အလုပ်တွေများလာတယ်။ စိတ်တွေရှုပ်လာတယ်။ ဒါနဲ့ ..ဘာတစ်ခုမှမလုပ်ဖြစ်ပါ။ ခုတော့.....

ကိုယ်တို့တိုင်းပြည်မှာ ဘလော့တွေပြန်ပွင့်ပြီ။




Wednesday, May 18, 2011

ခေါင်းမာသောကျွန်ုပ်တို့သည်အောင်မြင်စေသောအခမ်းအနားပေါင်းများစွာကိုအောင်မြင်စွာကျင်းပဖို့ပြင်ဆင်ပြီး ဖြစ်ကြောင်း

Share |
ခေါင်းမာသောကျွန်ုပ်တို့သည်အောင်မြင်စေသောအခမ်းအနားပေါင်းများစွာကိုအောင်မြင်စွာကျင်းပဖို့ပြင်ဆင်ပြီး
ဖြစ်ကြောင်းနှင့်ချိန်ခါမရွေးကျရောက်လာလတံ့သောအတားအဆီးများစွာကိုမသိကျိုးကျွံပြုဖို့ရာအသင့်ဖြစ်နေခဲ့ပါ
ပြီ။

ဘင်လာဒင်သေဆုံးပြီးအဖြူရောင်အိမ်တော်မှသမ္မတမိန့်ခွန်းကိုကြားသည်ဖြစ်စေ၊မကြားသည်ဖြစ်စေအင်းလေး
ကန်ထဲတွင်ဓာတုဆေးဝါးကင်းမဲ့သောခရမ်းသီးများပေါ်ထွန်းလာစေရန်နွားမကြီး၏ပေါင်ကိုရိုက်ချိုးပစ်ခဲ့ကြသည်။
စစ်ကိုင်းမှ ကောင်းမှုတော် ကြီး ထုံးဖြူရောင်မှ ရွှေရောင်တဝင်းဝင်းဖြစ်လာသောအခါ..ရန်ကုန်မြို့တော်ခန်းမ အရောင်သည်တဖြည်းဖြည်းဖြူလာခဲ့ပါပြီ။ဓာတ်ပုံရိုက်ဖို့အချိုးကျစွာပါဝင်နိုင်လျင်သင်လည်းအောင်မြင်နိုင်ပြီမဟုတ်ပါလား။ သို့မဟုတ်ဓာတ်ပုံရိုက်သူကသင့်ကိုလိမ်လည်ဖို့အသင့်ရှိနေခဲ့ကြောင်းကိုဒါဝင်ကမျောက်တွေကိုသက်သေပြခိုင်းခဲ့ပြီး။သူ့ကိုပစ်သက်ဖို့အမိန့်ပေးခဲ့စဉ်ကသေနတ်သမားသည်တိုက်ဆိုင်လှစွာထမင်းချိုင့်ပါမလာခဲ့ချေ။ ဘင်လာဒင်သည်ရန်ကုန်မြို့ကကျပ်၂၀၀တန်ရွှေဧည့်သည်ယာဉ်လိုင်းစီးဖူးဟန်မတူ။

သို့သော်မောင်ညိုကော်ဖီဆိုင်တွင်စီးကရက်ကိုမီးညှိသောက်ရန်လေအေးပေးစက်အား ငွေကျပ် ၅၀၀ ပေး၍ကော်ဖီသောက်ခဲ့သည်။
သူမ၏အချစ်ကိုမရတော့သည်မှာသေချာနေပြီ။သို့သော်ငါ့ကိုပိုင်ဆိုင်ဘူးသူသည်ဘယ်တော့မှငါ့ကိုလက်လွတ်ခွင့်
မရှိဟုစာတမ်းကပ်လိုက်တော့သည်။ကော်ဖီဆိုင်ထဲကော်ဖီသောက်သူတွေ၏ရင်ဘက်အကွဲကြောင်းများမှတဆင့်အတ္တတွေချည်းမြင်နေရလျင်
ကမ္ဘာမြေဆွဲအားကြောင့် လေထုအမြင့်တစ်နေရာတွင်အစားအသောက်များ၏အရသာပြောင်းလဲသွားတတ်ကြောင်းနှင့် ရန်ကုန်မြို့၏အလယ်တည့်တည့်မှာလေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်စေခဲ့သည်။

ခေါင်းမာသောကျွန်ုပ်တို့သည်အောင်မြင်စေသောအခမ်းအနားပေါင်းများစွာကိုအောင်မြင်စွာကျင်းပဖို့ပြင်ဆင်ပြီး ဖြစ်ကြောင်း...

Saturday, May 29, 2010

မေလ ၂၀၁၀

Share |
ပူတယ်လေဆယ်(နွေ) ကဲ။ ရန်ကုန်အတွက်နှစ်ငါးဆယ်စံချိန်ကျိုးဆိုလား။ ဝန်ကြီး၊ ဝန်ကြီးချုပ်ရာထူးများဟာနိုင်ငံရေးတာဝန်များသာဖြစ်ကြောင်း။ နာဂစ်မုန်တိုင်း…တကြော့ပြန်လည်သုံးသပ်။
နိုင်ငံရေးပါတီများလျောက်ထားလျက်ရှိကြရာစီစစ်၍အတည်ပြုပေးနေ။


ရေ…
.ရှားတယ်။ တစ်ချို့တွေ…တစ်ချို့တွေရေလှူကြ။ တစ်ချို့တွေ..တစ်ချို့တွေနှမ်းဖြူးကြ။ (ဘယ်သူ့ရဲ့ဦးဆောင်မှုနဲ့ဘာညာ၊ဘာညာပေါ့)

နိုင်ငံရေးပါတီများလျောက်ထားလျက်ရှိကြရာ…………………………။

လျပ်စစ
မီး…ပျက်တယ်။ တစ်ချို့နေရာမှာ နှစ်ဆယ်လေးနာရီ။ တစ်ချို့နေရာမှာ နှစ်ရက်လေးနာရီ။ တစ်ချို့နေရာမှာတော့ ဒစ်စကိုထဲရောက်သွားသလို ဖျက်ကနဲလာ…ဖျက်ကနဲပျက်။ မီးစက်စံချိန်တင်ရောင်းအားသွက်။

နိုင်ငံရေးပါတီများလျောက်ထားလျက်ရှိကြရာစီစစ်၍အတည်ပြုပေးနေ။ လနဲ့ကြယ်နီးစပ်မှုသမိုင်းဝင်မှတ်ချက်များပေးကြ။ ထူးခြားအေးမြသည့်လ၏ပုံရိပ်လွှာ (နေပြည်တော် မေ ၁၆)


ဘင်္ဂလားပင်လယ်အော်မှာလေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်။ ကောင်မလေးတစ်ယောက်ရဲ့နာမည်ပေးလိုက်တယ်။ တိုင်းတပါးကနာမည်မို့မှတ်မထားဘူး။ မြန်မာပြည်လာမှာလား။ အိန္ဒိယနိုင်ငံထဲဝင်သွား။ စစ်တွေသို့ဝင်ရောက်နိုင်။ သို့သော်အားပျော့ဖွယ်ရှိ။
မိုးရွာပြီ။ မိုးရွာ၍ပျော်သလားဟုအမေးခံရ။ ပိတောက်တွေပွင့်ကြ။


မြန်မာပြည်စာပေညီလာခံ ဥက္ကဌသစ်မဲစနစ်ဖြင့်ရွေးချယ်။ တစ်ထောင့်တစ်နေရာမှာပါဝင်။ စာကြည့်တိုက်တံခါးတွေဖွင့်ထားပါသလား။

ထက်ထက်မိုးဦးကပါးရိုက်။ ၇ရက်သတင်းကသတင်းထောက်ကတရားစွဲ။ အသံ ဂျာနယ်အပိတ်ခံရ။ ရွှေမင်းသမီးကစွာသလား။ စာနယ်ဇင်းကစွာသလား။ မင်္ဂလာဈေးမီးလောင်။ လောင်ကျွမ်းချိန်အကြာဆုံးစံချိန်တင်။ မြန်မာပြည်သတင်းမှာ ရက်အတော်ကြာနေရာယူတဲ့သတင်းနှစ်ပုဒ်ပေါ့။
နိုင်ငံရေးပါတီများလျောက်ထားလျက်ရှိကြရာ……………………..မုတ်သုန်လေဝင်ပြီ။
မြန်မာမတွေနိုင်ငံခြားသားနဲ့ယူခွင့်ပိတ်လိုက်ပြီ။


တန်ဖိုးနဲ့နုန်းစံလား
လက်တွေ့ကျကျလား..ဝေဖန်ကြ၊ အဆိုပြုကြ၊ ဆဲကြ၊ ဆိုကြ။ Rapper တစ်ယောက်ကထအော်တယ်…..ငါပြောမယ်စိတ်ညစ်မနေနဲ့ခုထက………….။

နိုင်ငံရေးပါတီများလျောက်ထားလျက်ရှိကြရာ………………ရန်ကုန်တွင်မေလနှောင်းပိုင်း၌မိုးအားကောင်းပြီးရွာ
ရန်ရာနုန်း၈၀ဖြစ်ကြောင်းနဲ့ထစ်ချုန်းမည့်အခြေအနေများဖြစ်ပေါ်နေ။မှတ်သားဖွယ်ရာမိုးရေချိန်များကတော့…
မိုးတွင်းကာလရန်ကုန်မြို့ရေလျှံတာဖြစ်လေ့ဖြစ်ထရှိတဲ့သဘာဝပါ… ဟူသတဲ့။